စစ်ကိုင်း ဇူလိုင် ၂
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားကို စစ်ကိုင်းမြို့ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြသည်။
သွေးလှူဒါန်းရာတွင် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်များက သွေးလှူရှင်များအား သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို စနစ်တကျစစ်ဆေးပေးပြီး သွေးလှူရှင်များက အလှည့်ကျ သွေးလှူဒါန်းပေးခဲ့သည်။
စုပေါင်းသွေးလှူဒါန်းရာသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ စီမံဆောင်ရွက်ပေးကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)