ကျိုင်းတုံ ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဟိုတယ်နှင့်တည်းခိုခန်းဝန်ထမ်းများနှင့် မိသားစုဝင်များအား Pfizer ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့တွင် အမှတ်(၄)ရပ်ကွက်၊ ရှဲန်တစ်ဟိုတယ်တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသည်။
ထို့သို့ ကျန်းမာရေးဝန်ထမ်းများက ဟိုတယ်နှင့်တည်းခိုခန်းဝန်ထမ်းများနှင့် မိသားစုဝင်များအား ၁၁၀ ဦးအား Pfizer ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကျိုင်းတုံရုံးခွဲ တာဝန်ရှိသူများ လာရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)