ပြင်ဦးလွင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၅ ရက်နေ့နံနက်(၁၀)နာရီအချိန်က ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ကိုယ်လုံပညာနှင့်ဓားသိုင်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားခန်းမတွင် ယမန်နေ့နံနက်ပိုင်းကမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ကိုယ်လုံပညာနှင့်ဓားသိုင်းသင်တန်းဖွင့်လှစ်ခဲ့သည်။

ကျိုက်လတ်၌ ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင်နှင့် ဖုန်းဆိုင်များအား အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ဟိုတယ်၊ တည်းခိုးခန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင်နှင့် ဖုန်းဆိုင်များအား ယနေ့နံနက်ပိုင်းက အခွန်ထောက်ခံမှု အထောက်အကူပြုအဖွဲ့ဖြင့် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

နည်းပညာတက္ကသိုလ်(ဘားအံ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ နည်းပညာတက္ကသိုလ်(ဘားအံ)၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့ရပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန့်နေ့  နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ ဆရာ / ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အထူးပြုဘာသာရပ်(အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

မကွေးတက္ကသိုလ်တွင် တက္ကသိုလ်အားကစားလောက မြင့်မားတိုးတက်စေရန်နှင့် တက္ကသိုလ်လက်ရွေးစင်မှ မြန်မာ့လက်ရွေးစင်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အားကစားအမျိုးအစားအလိုက် ထူးချွန်သည့် အားကစားသမားကောင်းများ မွေးထုတ်နိုင်ရန် ရည်ရွယ်၍ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ မကွေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အထူးပြုဘာသာရပ်(အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့က မကွေးတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

မရမ်းကုန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ ရှေးဦးပြုစုခြင်း(သာမန်)အဆင့် ၁/၂၀၂၄ သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၃)အ‌ခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၁ နာရီက ရှေးဦးပြုစုခြင်း(သာမန်)အဆင့် ၁/၂၀၂၄ သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

ခမောက်ကြီးမြို့အခြေခံပညာကျောင်းများတွင် ခြင်နိုင်ဆေးဖျန်းခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ ရောဂါဘယကင်းရှင်းစွာအေးချမ်းစွာပညာသင်ကြားနိုင်စေရန် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ခြင်နိုင်ဆေးဖျန်းခြင်းများကို ခမောက်ကြီးမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင်ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်၊ အ.ထ.က(၇)၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးနှင့် သစ်ပင်များ စိုက်ပျိုး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ခြင်မှတစ်ဆင့်ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်နှင့် သန့်ရှင်းသာယာလှပစေရန်ရည်ရွယ်၍ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်(၇)နာရီက အင်းစိန်မြို့နယ်၊  တညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာစက်မှုဇုန်ရုံးဘေးလမ်း၊ အ.ထ.က(၇)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်၌ မိုးရာသီသစ်ပင်(နှစ်ရှည်ပင်)စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်(နှစ်ရှည်ပင်)စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မင်းရွာကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

စေတုတ္တရာမြို့နယ်၌ ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် တွေ့ကြုံရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စေတုတ္တရာမြို့မဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to