မရမ်းကုန်း ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၁ နာရီက ရှေးဦးပြုစုခြင်း(သာမန်)အဆင့် ၁/၂၀၂၄ သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒေါက်တာဇော်ဌေးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ မြို့နယ်တပ်ဖွဲမှူးဦးမောင်မောင်မြင့်က သင်တန်းတွင်သင်ကြားခဲ့သည့် ဘာသာရပ်များအပေါ် ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းတွင် ဆုရသင်တန်းသား၊ သင်တန်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပြီး ကျောင်းအုပ်ဆရာမကြီးက သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒေါက်တာဦးဇော်ဌေး၊ ကျောင်းအုပ်ဆရာမကြီး၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်ကြိုင်နှင့်ဒေါက်တာအောင်ခင်၊ တိုင်းကြက်ခြေနီအတွင်းရေးမှူးဦးကျော်မြင့်အောင်၊ မြို့နယ်အသင်းခွဲဥက္ကဋ္ဌဦးမြင့်အောင်နှင့် အမှုဆောင်များ၊ မြို့နယ်တပ်ဖွဲ့မှူးဦးမောင်မောင်မြင့်နှင့်တပ်ဖွဲ့ဝင်များ၊ နည်းပြဆရာ/ ဆရာမများ၊ သင်တန်းသား(၁၅)ဦး၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယဉ်မော် (ပြန်/ဆက်)