ပလောက်မြို့၊ အမှတ် (၁) ရပ်ကွက်၊ မူလွန်ကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေးဆောင်ရွက်
ကျောင်းသား/ကျောင်းသူလေးများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုစနစ်ပုံစံများသိရှိစေပြီး ကျန်းမာရေးအဆင့်အတန်းတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မူလွန်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။