မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ၂၀၂၄ ခုနှစ် မိုးရာသီအားကစားပြိုင်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ဇူလိုင်လ ၂၆ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၄ ခုနှစ် မိုးရာသီအားကစားပြိုင်ပွဲ၊ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင် ပွဲစည်ကားစွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

မိုင်းယောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်

မိုင်းယောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်း ဆောင်ရွက် မိုင်းယောင်း ဇူလိုင် ၈ ဝေဝေခိုင်(ပြန်/ဆက်)

ပွင့်ဖြူမြို့နယ်၌ ရေဘေးအန္တရာယ်ကြုံတွေ့လာပါက လျင်မြန်စွာ တုန့်ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရေး တပ်စုအဆင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနက ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကြုံတွေ့လာမည့် ရေကြီးရေလျှံမှုအန္တရာယ်အပါအဝင် သာဘဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နဲ့တစ်ပြေးညီ ကူညီရှာဖွေကယ်ဆယ်နိုင်ရေးအတွက် တပ်စုအဆင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်အနီး မုန်းချောင်းသဘာဝရေပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် သားဖွားခန်း၊ ခွဲစိတ်ခန်းပါ တိုးချဲ့နှစ်ထပ်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ ကုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ကျန်းမာရေးဆေးရုံတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးနှင့် သားဖွားခန်း၊ ခွဲစိတ်ခန်းပါ တိုးချဲ့နှစ်ထပ်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်တွင် ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ မြဖူးဝေငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ မြို့နယ်သမဝါယမဦးစီးဌာနခန်းမနေရာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပြီး သဘာပတိကြီးမှ နေရာယူ၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ကြသည်။

ကိုကိုးကျွန်းမြို့နယ် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ရပ်ကွက်များ၌ ရောင်းချလျက်ရှိသည့် မုန့်ဆိုင်များတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးနှင့် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချခြင်း မရှိစေရေးတို့အတွက် ​​ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်းနှင့် စီမံအဖွဲ့ဝင်များ၊​ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်က​လေးအဖွဲ့ဝင်များ ပူး​ ပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်း သဘာ‌ဝဘေးအန္တရာယ်ကျရောက်ပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ထိရောက်စွာဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး ပခုက္ကူမြိုနယ်အတွင်း ရေကြီးရေလျှံမှုများအပါအဝင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများ မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများ မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့်လုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to