မြောက်ဥက္ကလာပမြို့နယ်တွင် ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာစာမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြုလက်မှတ်များချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ငံတော်သံဃနာယကအဖွဲ့မှကြီးမှူး၍ ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ကျင်းပခဲ့သည့် (၃၉)ကြိမ်မြောက် ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာစာမေးပွဲကြီးတွင် မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)တို့၏ စီစဥ်ဆောင်ရွက်မှုဖြင့် အ.ထ.က(၁) စာဖြေဌာနမှ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သူများအား အောင်လက်မှတ်များပေးအပ်ခြင်းနှင့် ဆုများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ကျင်းပခဲ့သည်။