နည်းပညာတက္ကသိုလ်(ဘားအံ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဘားအံ    ဇူလိုင် ၇

ကရင်ပြည်နယ်၊ ဘားအံမြို့၊ နည်းပညာတက္ကသိုလ်(ဘားအံ)၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့ရပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန့်နေ့  နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ ဆရာ / ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိစံက သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော၍ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်စုံအောင်က ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး Quick Win စီမံချက်(၅)ရပ်၊ ဆိုင်ကယ်လိုင်စင်လျှောက်ထားရာတွင် ဆောင်ရွက်ရမည့်အချက်များ၊ ကား၊ ဆိုင်ကယ်မောင်းနှင်သူများ လိုက်နာရမည့်အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်