ပြင်ဦးလွင် ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၅ ရက်နေ့နံနက်(၁၀)နာရီအချိန်က ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်က အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ ပြင်ဦးလွင်ခရိုင် လူမှု၀န်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှိုင်သဇင်ကျော်က ပြင်ဦးလွင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ၏ လုပ်ငန်းဆောင်ရွက်မှုများအား Power Point ဖြင့် ရှင်းလင်းပြသသည်။
ထို့နောက် ပြင်ဦးလွင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှအဖွဲ့၀င်များက သက်ဆိုင်ရာဌာနအလိုက် အသီးသီးဆွေးနွေးကာ အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)