မော်လမြိုင် ဇူလိုင် ၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်(နှစ်ရှည်ပင်)စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မင်းရွာကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မဟော်ဂနီပင်(၁၀၀)ပင်နှင့် မန်ဂျန်ရှား(၂၀၀)ပင် စုစုပေါင်း(၃၀၀)ပင်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ မြို့နယ်ဒုတိယဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်းအင်အား(၁၅၀)ဦးက သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်