ခမောက်ကြီး ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ ရောဂါဘယကင်းရှင်းစွာအေးချမ်းစွာပညာသင်ကြားနိုင်စေရန် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ခြင်နိုင်ဆေးဖျန်းခြင်းများကို ခမောက်ကြီးမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင်ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ခြင်နိုင်ဆေးဖျန်းခြင်းများဆောင်ရွက်ခြင်းများကို ခမောက်ကြီးမြို့နယ်မြေခံ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် အ.ထ.က ခမောက်ကြီးကျောင်း၊ မူလွန်အမှတ်(၄)ကျောင်း၊ အ.လ.က (ယုဇန)ကျောင်းနှင့် မူလွန်စမ်းသီတာ ကျောင်းတို့တွင် စာသင်ကျောင်းခန်းများနှင့် ကျောင်းဝန်းများအတွင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခမောက်ကြီး (ပြန်/ဆက်)