ဟင်္သာတမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တလုတ္ထော်မြို့၊ ဓမ္မီအုပ်စု၊ ဓမ္မီကျေးရွာရှိ ကွင်းအမှတ်(၁၂၉၄)၊ ဦးပိုင်အမှတ်(၂၆၆)ရှိ တောင်သူဦးကျော်ကျော်ဆွေ၏ လယ်မြေ(၆.၀၀)ဧကတွင် ဟင်္သာတခရိုင်နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး ပန်းတိုင် အထွက်နှုန်းရရှိရေး စိုက်နည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့ လုံးခရမ်းဓမ္မရိပ်သာင်းတိုက်၌ အာစရိယပူဇော်ပွဲနှင့် ဝိဇာတမွေးနေ့မင်္ဂလာ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့-လုံးခရမ်းဓမ္မရပ်သာကျောင်းတိုက်ဓမ္မာရုံအတွင်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှဆရာတော်များအား(ပထမ)အကြိမ်၊ အာစရိယပူဇော်ပွဲနှင့် လုံးခရမ်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝရသာမိ ၏ ၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း၂ရက် (၇-၇-၂၀၂၄)ရက်နေ့တွင်ကျရောက်သည့် (၇၂)နှစ်ပြည့်၊ ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကလောမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုခြင်းမှရရှိသည့် ဗဟုသုတကောင်းကျိုးတရားများကို ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများထံ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် နွေစပါးGW-11မျိုး စံကွက်ရိတ်သိမ်းရာ အစိုအထွက်နှုန်း(၁၅၀) တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အင်တိုင်းကျေးရွာ၊ ကွင်းအမှတ် (၁၄၉)၊ ဦးပိုင်အမှတ်(၁၀၃/၂)၊ တောင်သူဦးအေးလွင်၏ နွေစပါးGW-11မျိုးစံပြရိတ်သိမ်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ရာ အစိုအထွက်နှုန်း (၁၅၀)တင်းထွက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်တွင် မိုးရာသီကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြပွဲနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေဖုံးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁,၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူဦးမြင့်ဇော်ဦး၏ လယ်မြေတွင် ယနေ့နံနက်ပိုင်း၌ စိုက်ပျိူးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၄ ခုနှစ် မိုးရာသီ ကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြပွဲနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေဖုံးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့သည်။

အောင်လံမြို့၌ ဧရာဝတီမြစ်ကမ်းနံဘေးရှိ နေအိမ်များသို့ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ကမ်းနံဘေးရှိ နေအိမ်များသို့ ရေဘေးနှင့်မြေပြိုဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးကို ယနေ့နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။

ဘိုကလေးမြို့နယ်တွင် အခွန်အသိပညာပေးတွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်(၁)နာရီအချိန်တွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် မြိုနယ်တွင်းမှ အခွန်ထမ်းပြည်သူများတွေ့ဆုံကာ အခွန်အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ကြသည်။

ဘားအံမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်များထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌  ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာန (ဘားအံရုံးခွဲ)တို့ပူးပေါင်း၍ အမှိုက်များ စနစ်တကျခွဲခြားခြင်းနှင့် သိမ်းဆည်းခြင်း အလေ့အကျင့်ကောင်းများ ပေါ်ထွန်းရေးနှင့် ထုံးကျောက်တောင် ဂေဟစနစ်များအကြောင်း သိရှိစေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်များ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။
Subscribe to