ကျိုက်လတ် ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ဟိုတယ်၊ တည်းခိုးခန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင်နှင့် ဖုန်းဆိုင်များအား ယနေ့နံနက်ပိုင်းက အခွန်ထောက်ခံမှု အထောက်အကူပြုအဖွဲ့ဖြင့် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ စားသုံးသူရေးရာဦးစီးဌာန၊ အခွန်ဦးစီးဌာနနှင့် အခွန်ထောက်ခံမှု အထောက်အကူပြုအဖွဲ့မှ ကျိုက်လတ်မြိုနယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင်နှင့် ဖုန်းဆိုင်များတွင် သက်တမ်းလိုင်စင် ရှိ၊ မရှိ၊ ဆင်းကဒ်မှတ်ပုံတင်ဖြင့် ရောင်းဝယ်မှု ရှိ၊ မရှိ၊ အခွန်တံဆိပ်ခေါင်းများ တပ်ဆင်ထားခြင်း ရှိ၊ မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ်(ပြန်/ဆက်)