ကျိုက်လတ်မြို့နယ်၌ အခွန်ပညာပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် မြို့နယ်တွင်းမှ အခွန်ထမ်းပြည်သူများ တွေ့ဆုံကာ အခွန်ပညာပေး ရှင်းလင်းပွဲအခမ်းအနားကို ဇူလိုင်(၇)ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ကျွန်းစုမြို့နယ် သမဝါယမအသင်းစု၏ ၂ဝ၂၂-၂ဝ၂၃ ခုနှစ်နှင့် ၂ဝ၂၃-၂ဝ၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် သမဝါယမအသင်းစု၏ (၂၀၂၂-၂၀၂၃) ခုနှစ်နှင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင်လ၇ရက်နေ့က မြို့နယ်သမဝါယမအသင်းစုရုံး ခန်းမတွင် ကျင်းပခဲ့ကြသည်။

တပ်ကုန်းမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာအသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများ ပိုမိုယဉ်ကျေးလိမ္မာစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့ သည်။

မင်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီခွဲက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့နယ်အတွင်း အောင်တံခွန်ဘေလီသံဘောင်တံတား (၃၂၀)ပေ တည်ဆောက်ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ဖောင်ရိုးချောင်းကျေးရွာအုပ်စုနှင့် မော်လမြိုင်ကျွန်းမြို့နယ် တံခွန်တိုင်ကျုံဝါးအုပ်စုသို့ ဆက်သွယ်သော အောင်တံခွန် ဘေလီသံဘောင်တံတား (၃၂၀)ပေ တည်ဆောက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီခွဲက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝါးခယ်မမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာနှင့် ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ပြည်သူများ စာပေနှင့် စဉ်ဆက် မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယမန်‌နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၊ အ.ထ.က ၇၊ အ.မ.က(ကြာဖူးငုံ)၊ မူလွန်(ကွမ်းခြံ)၊ ကုမုဒြာစာကြည့်တိုက်များသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့သည်။

ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး အောင်မြင်ရေးဆောင်ရွက်နေသည့် မြက်တံမြက်စည်းလုပ်ငန်း

နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး (One Regin One Product) အကောင်အထည်ဖော်ဆောင်ရွက်နေသည့် (MSME) လုပ်ငန်းဖြစ်သော အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလာရေးသည် နိုင်ငံတော်အတွက် အရေးပါသော လုပ်ငန်းများပင်ဖြစ်သည်။

စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မပါလ ဆွမ်းလောင်းအသင်း(၁၅)နှစ်ပြည့် ဆွမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တို့မှကြီးမှူး၍ စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မပါလ ဆွမ်းလောင်းအသင်း (၁၅)နှစ်ပြည့် အထိမ်းအမှတ် သံဃာအပါး(၁၁၇၀) ပါးနှင့် သီလရှင် ဆရာကြီး/ ဆရာလေးအပါး(၁၈၀)တို့အား ဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံကပ်လှူပွဲနှင့် ဆွမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့နံနက်(၅)နာရီခွဲအချိန်က အဆိုပါကျောင်းတိုက်ရှေ့တွင် ကျင်းပပြုလုပ်သည်။
Subscribe to