ဟုမ္မလင်း၌ ချင်းတွင်းမြစ်ရေကြီးမြင့်မှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြည်သူလူထုထံသို့ အသိပေးနှိုးဆော်
ယနေ့မြန်မာစံတော်ချိန် နံနက်(၈း၃၀)နာရီအချိန်တိုင်းတာချက်အရ ဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၂၉၀၀)စင်တီမီတာဖြင့်ပြီး၊ လက်ရှိဟုမ္မလင်းမြို့၏ ချင်းတွင်းမြစ်ရေအမှတ်(၃၁၀၀)စင်တီမီတာ၊ စိုးရိမ်ရေအမှတ်ထက်(၂၀၀)စင်တီမီတာ(၆)ပေ၊ (၆)လက်မခန့်ခန့်သို့ ရောက်ရှိနေပြီးဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။