မြောင်းမြမြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာနှင့် ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

မြောင်းမြ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ပြည်သူများ စာပေနှင့် စဉ်ဆက် မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယမန်‌နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၊ အ.ထ.က ၇၊ အ.မ.က(ကြာဖူးငုံ)၊ မူလွန်(ကွမ်းခြံ)၊ ကုမုဒြာစာကြည့်တိုက်များသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့သည်။

ထိုသို့စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတ များစွာရရှိမည့် သုတ/ရသ စာအုပ်စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ် လဲလှယ်စနစ်ဖြင့် ငှား‌ရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဇေယျာ(ပြန်/ဆက်)