တွံတေးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာနနှင့် ပူးပေါင်းအဖွဲ့များက ယမန်နေ့နံနက် ၈ နာရီအချိန်က တွံတေးမြို့ စည်ပင်သာယာစျေးနှင့် လမ်းဘေးဈေးဆိုင်များတွင် ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။