လပွတ္တာမြို့နယ်၌ အခွန်အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးနဒီခန်းမ၌ ယနေ့နံနက်ပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန ၊ ၂၀၂၄- ၂၀၂၅ဘဏ္ဍာရေးနှစ်၊ အခွန် တိုးတက်ကောက်ခံရရှိရေးနှင့် ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရေး အခွန်အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဝါးခယ်မမြို့နယ်တွင် စင်းသုခ၊ မှော်ဘီ(၃) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုအားကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာတွင် ယနေ့နံနက် ၈ နာရီအချိန်က စင်းသုခ၊ မှော်ဘီ (၃) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အ.ထ.က (အင်္ဂပူ) တွင် ဝမ်းပျက် ၊ဝမ်းလျှောရောဂါအကြောင်းအသိပညာပေးဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ.ထ.က (အင်္ဂပူ) ငုရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းကဝမ်းပျက်၊ ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ကြံခင်းမြို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကြံခင်းဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကလေးဝမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခြင်းကို ယမန်နေ့က ပြုလုပ်ပေးခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင် ရေလမ်းဖြင့်သွားလာနေသော ခရီးသွားပြည်သူများနှင့် ကျောင်းသားကျောင်းသူများ ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းသရုပ်ပြဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက် ကမ်းနားဆိပ်တွင် ရေလမ်းဖြင့်သွားလာနေသော ခရီးသည်ပြည်သူများနှင့် ကျောင်းသားကျောင်းသူများကို ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူညီပေးနိုင်စေရန်အတွက် ကွင်းဆင်းသရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်ကစတင်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၊ အောင်သိဒ္ဓိဆန်စက် (၂) ၌ သက်သာသောဈေးနှုန်းများဖြင့် ဆန်များရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ အောင်သိဒ္ဓိဆန်စက် (၂) တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေချော မွေ့စေရေးအတွက် ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ် နှုန်းဖြင့်ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကြံခင်းမြို့နယ် အလက(သစ်ဆိမ့်ကိုင်း)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အလက (သစ်ဆိမ့်ကိုင်း) ကျောင်း၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း စုဝေးခန်းမတွင်ပြုလပ်သည်။

ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြစ်ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်မှ နေအိမ်အချို့အား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေးဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထား ရှိပေးထားခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းအား ယနေ့နံနက်  ၈ နာရီအချိန်က ရေဘေးရှောင်စခန်းများတွင် သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

မက်မန်းမြို့နယ်တွင် မိရိုးဖလာကြက်မွေးမြူရာ၌ ခြံစနစ်ဖြင့်မွေးမြူထားရှိမှုအား ပညာပေးကွင်းဆင်းကြည့်ရှုခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာတွင် ဒေသခံကြက်မွေးမြူရေးလုပ်ကိုင်နေကြသူများအနေဖြင့် မိရိုးဖလာကြက်မွေးမြူရာ၌ ခြံစနစ်ဖြင့်မွေးမြူနိုင်ရေး ပညာပေးကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
Subscribe to