မင်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အထက်မင်းလှ ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီခွဲက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှ လျော့နည်းစေရန်အတွက် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ ကယ်ဆယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား စနစ်တကျစီမံဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းနှင့် ကယ်ဆယ်ရေးစခန်းများ ပြင်ဆင်ထားရှိရန်၊ ကော်မတီအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်ဌာနဆိုင်ရာများက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ​ကြိုတင်ပြင်ဆင်ထားရှိမှုများအား ဆွေးနွေးတင်ပြကြရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို  ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)