ကျွန်းစုမြို့နယ် သမဝါယမအသင်းစု၏ ၂ဝ၂၂-၂ဝ၂၃ ခုနှစ်နှင့် ၂ဝ၂၃-၂ဝ၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ကျွန်းစု ဇူလိုင် ၉

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် သမဝါယမအသင်းစု၏ (၂၀၂၂-၂၀၂၃) ခုနှစ်နှင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင်လ၇ရက်နေ့က မြို့နယ်သမဝါယမအသင်းစုရုံး ခန်းမတွင် ကျင်းပခဲ့ကြသည်။

နှစ်ပတ်လည် အစည်းအဝေးတွင် သဘာပတိ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဖေမြင့်ကြည်၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်အဖွဲ့ဝင် ဦးလှကြည်နှင့် ကျွန်းစုမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်စိမ့်ထွန်းတို့က အမှာစကား ပြောကြားကြသည်။ ထိုနောက် အသင်းစု၏ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ စာရင်းစစ် အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းအား တာဝန်ရှိသူများက ဖတ်ကြားတင်သွင်းသည်။

ဆက်လက်၍ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းဝင်ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေခြင်း၊ ရှေ့လုပ်ငန်းစဉ်များအား အကြံပြုဆွေးနွေး၍ အတည်ပြုချက် ရယူခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးသဘာပတိမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

ခိုင်ထူး (ပြန်/ဆက်)