နမ့်စန်တွင် ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီက မြို့နယ်ကျောက်တိုင် အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့်ပညရေးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်အသစ် ဆောက်လုပ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာနေပြည်သူများအား နိုင်ငံတော်အစိုးရက စာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမှီးစွာ ထားရှိပေးနိုင်ရန်အတွက်  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မက်မန်းမြို့နယ်၊ အောင်သံလွင်ကျေးရွာတွင် စာကြည့်တိုက်အသစ်ဆောက်လုပ်နိုင်ရေးအတွက် မြေနေရာကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က သွားရောက်ဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျိုင်းတောင်းမြို့၌ မိုးနှမ်းခေါ် နှမ်းလျှင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ယခုအခါ မိုးနှမ်း(ခေါ် )နှမ်းလျှင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကျိုင်းတောင်းမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။

စိုက်ပျိုးရေးကဏ္ဍတိုးတက်အောင်မြင်ရန် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်အောင် ကြိုးပမ်း

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ်တွင် အိမ်ထောင်စု (၁၆၈)စုအား ဧည့်မထဆန်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်၊ တောင်တွင်းကြီးမြို့တွင် ဧည့်မထဆန် (၂၄)ပြည်အိတ် (၇)အိတ်အား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ယမန်နေ့ နံနက်ပိုင်းမှစ၍ တောင်ပြင်(၁)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် မြို့မဈေးအတွင်း ပလတ်စတစ်သုံးစွဲမှုလျော့ချရေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေးအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးခြင်း (Campaign) နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၇)နာရီအချိန်က မြို့မစျေးအတွင်း ဆောင်ရွက်ခဲ့သည်။

အထူးဒေသ(၄) မိုင်းလားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊  မိုင်းလားမြို့၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲ သတိတရရှိစေရန် ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယနေ့တွင် အ.ထ.က(မိုင်းလား)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

လှည်းကူးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်အတွင်းရှိ ဈေးများ၊ အခြေခံပညာကျောင်းများ၊ လမ်းဘေးဈေးများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ ပြည်သူများအတွက်  ဆန်ကုန်သည်ကြီးများအသင်းမှ  ဇီယာ(ရှယ်)တစ်ပြည်လျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြဝတီမြို့ဆန်ကုန်သည်ကြီးများအသင်းတို့  ပူးပေါင်းကာ  ယမန်နေ့နံနက်ပိုင်းက မြဝတီမြို့၊ ဘုရင့်နောင်ဈေးကြီးရှေ့တွင် ဇီယာ(ရှယ်) တစ်ပြည်လျှင် ကျပ် ၅၀၀၀ အထူးဈေးနှုန်းဖြင့် ပြည်သူများသို့ လက်လီရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to