နတ်မောက်မြို့၌ မူလတန်းဆင့် ကျောင်းသား/သူများဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

နတ်မောက် ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မူလတန်းဆင့် ကျောင်းသား/ သူများဖြင့်  ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများ ဖြစ်စေရန်နှင့် စိတ်လက်ပျော်ရွင်စေရန်၊ ဉာဏ်ရည်ဉာဏ် သွေးထက်မြက်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပရာ  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့်ကျောင်းသား/ သူ (၃၈) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။

လှဝင်း