ညောင်တုန်း ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အခွန်ထမ်းပြည်သူများတွေ့ဆုံ၍ အခွန်ဆိုင်ရာဥပဒေ ရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှင်းလင်းပွဲတွင် မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြား၍ အဖွဲ့ဝင်ရဲမှူးကျော်မျိုးထက်နှင့် အတွင်းရေးမှူး ဦးစောနိုင်ဝင်းတို့က မြို့နယ်အတွင်းရှိ ရွှေဆိုင်များ၊ စားသောက်ဆိုင်များ၊ မိုဘိုင်းဖုန်းဆိုင်များ၊ ဟိုတယ်/တည်းခိုခန်းများနှင့် ရုပ်သံလွှင့်မီဒီယာများ၊ ယင်းလုပ်ငန်း (၅) မျိုးနှင့်သက်ဆိုင်သည့် လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် အခွန်ထမ်းပြည်သူများက သိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)