အောင်လံမြို့၌ စားသုံးသူရေးရာအဖွဲ့သည် မြို့မဈေးအတွင်းရှိ ကွမ်းသီးနှင့်ကွမ်းယာပစ္စည်းများ ဥပဒေပြဌာန်းချက်နှင့်အညီ ရောင်းချမှုရှိ၊မရှိ ကွင်းဆင်းစစ်ဆေး

အောင်လံ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အောင်လံမြို့မဈေးအတွင်းရှိ ကွမ်းသီးနှင့် ကွမ်းယာပစ္စည်းဈေးဆိုင်များအား ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ရောင်းချမှုရှိစေရေး ပြည်သူများ လတ်ဆတ်စွာ သုံးစွဲနိုင်ရေးအတွက် စားသုံးသူရေးရာအဖွဲ့မှ ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကွမ်းသီး/ရွက်နှင့် ကွမ်းယာပစ္စည်းဈေးဆိုင်များအား စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ရောင်းချမှုရှိစေရေးအတွက် အဖွဲ့ဝန်ထမ်းများမှ စနစ်တကျရောင်းချနိုင်ရန် လမ်းညွှန်မှာကြားခဲ့ပြီး၊ လိုအပ်သည်များကို စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။

မျိုးသိန်း(ပြန်/ဆက်)