ပိုင်ကျုံ ဇူလိုင် ၁၀
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ဇူလိုင်လ ၉ ရက်နေ့တွင် တနင်းဖလုံအခြေခံပညာ မူလတန်းလွန်ကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးအဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း စစ်ဆေးခြင်းအပြင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် သန်ကျဆေးတိုက်ကျွေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကျန်းမားရေးဝန်ထမ်းများတို့က ကျောင်းသားလူငယ်များအနေဖြင့် လိုက်နာဆောင်ရွက်သင့်သည့်အချက်များနှင့် မိုးတွင်းကာလကလေးငယ်များတွင် ဖြစ်ပွားသည့်သွေးလွန် တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး နည်းလမ်းများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်းကိုလည်း အသိပညာပေးပြောကြားခဲ့ကြောင့် သိရသည်။
နော်ခူး (ပြန်/ဆက်)