ပန်းတနော် ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသား/ သူလူငယ်များ ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ (၂၀၂၄- ၂၀၂၅) ခုနှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၉ ရက် မွန်းလွဲ ၂ နာရီက အနောက်ပိုင်းရပ်ကွက် မြို့မဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပန်းတနော်မြို့ အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဆွေက အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အဆိုပါကွင်းဖွင့်ပွဲဘောလုံးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်ရှိ အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ လိမ္မော် အသင်းတို့မှ ဇူလိုင်လ ၉ရက်နေ့မှ၁၂ ရက် နေ့အထိ အုပ်စုပွဲစဥ်အလိုက်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)