မိတ္ထီလာမြို့နယ် မုန်တိုင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထပ်တိုး အကောင်အထည်ဖော်ဆောင်ရွက်မည့် မုန်တိုင်ကျေးရွာအုပ်စု၊ မုန်တိုင်ကျေးရွာ၌ (VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြေပြင်စာရင်းကောက်ယူထားသော ယာယီအိမ်ထောင်စုလူဦးရေစာရင်းမှ မြေပြင်နေထိုင်ခြင်း ရှိ/မရှိ တိုက်ဆိုင်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ်(၃၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက်ပိုင်းက လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ယာယီအိမ်ထောင်စုလူဦးရေစာရင်းမှ မြေပြင်နေထိုင်ခြင်း ရှိ/မရှိကို တိုက်နယ်မှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များမှ တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ၊ ကလေးငယ်များနှင့် မိခင်များ တက်ရောက်ခဲ့ကြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေးဘုရားဖူး ရောက်ရှိခဲ့ပါက သဒ္ဒမ္မရံသီ ဂူဘုရားအတွင်းရှိ အေဒီ ၁၁ ရာစုနံရံပန်းချီများကို လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလေ့လာရေးလာရောက်ခဲ့ပါက ပုဂံဒေသရှိသမိုင်းအထင်ကရဘုရားများကို ဖူးမြော်ပြီး သဒ္ဒမ္မရံသီဂူဘုရားအတွင်း  အေဒီ ၁၁ ရာစုတွင် ရေးဆွဲထားသည့် နံရံဆေးရေးဗုဒ္ဓဆင်း တုတော်များကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။

ပင်လောင်းမြို့၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွေတော်ဆုတောင်းပြည့်စေတီမြတ်ကြီး၌ ပြုလုပ်သည်။

ငါန်းဇွန်မြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်(မျိုးစေ့နှင့် သွင်းအားစုများ) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၏ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို စိုက်ပျိုးရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့ ညနေ ၃နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့၌ အောက်စီဂျင်စက်နှင့် (40)L အိုးကြီး(၁၀)လုံး ပေးအပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အောက်စီဂျင်စက်နှင့် (40)L အိုးကြီး(၁၀)လုံး ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနတွင် မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ အသက်(၃၅)နှစ်အောက် အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးအား အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ သကြားစက်ရုံ (ဒုရင်္ဂဗိုလ်)တို့ ပူးပေါင်းဖွင့်လှစ်ပို့ချသည့် (၁/၂၀၂၄) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့ အမှတ်(၁၀) စက်မှုလယ်ယာစခန်း၌ ကျင်းပခဲ့သည်။

ကော်ဖီသီးနှံကိုအိမ်ခြံဝင်းတွင်လည်း စိုက်ပျိုးနိုင်ပြီး တစ်အုပ်တစ်မ တိုးချဲ့စိုက်ပျိုးခြင်းမှ စီးပွားဖြစ် စိုက်ခင်းသို့ တိုးချဲ့ပြောင်းလဲစိုက်ပျိုးရန်လို

ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲ အခမ်းအနားကို ဩဂုတ်လ ၃ ရက်နေ့ နံနက် ၇ နာရီက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကလပ်၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်၍ ကော်ဖီပင် ၁၀၈၇၅ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
Subscribe to