ပင်လောင်းမြို့၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားပြုလုပ်

ပင်လောင်း ဩဂုတ် ၅

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွေတော်ဆုတောင်းပြည့်စေတီမြတ်ကြီး၌ ပြုလုပ်သည်။

ရှေးဦးစွာ "နမောတဿ" သုံးကြိမ်ဆို ဘုရားကန်တော့ကြပြီး၊ တရားနာပရိတ်သတ်များက ဩကာသ ကန်တော့်ချိုးဖြင့် ဘုရားရှိခိုးပူဇော်ကန်တော့ကြ၍ မြသိန်းတန်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဥူးမင်္ဂလထံ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြကြောင်း၊ ယင်းနောက် ဆရာတော်/သံဃာတော်များက ပရိတ်တရားတော်ရွတ်ဖတ်တော်မူခြင်း၊ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲဂါထာရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ဆရာတော်/သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်ချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)