အောင်လံ ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ သကြားစက်ရုံ (ဒုရင်္ဂဗိုလ်)တို့ ပူးပေါင်းဖွင့်လှစ်ပို့ချသည့် (၁/၂၀၂၄) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့ အမှတ်(၁၀) စက်မှုလယ်ယာစခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အောင်လံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်းကို အခြေပြုပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဆောင်ရွက်ကြတဲ့ လူအများစုဟာ တောင်သူလယ်သမားများဖြစ်ပြီး လယ်ယာလုပ်ငန်းဟာလည်း နိုင်ငံတော်ရဲ့ အဓိကထုတ်ကုန်လုပ်ငန်းကြီးတစ်ခုဖြစ်သောကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး ရေမြင့်ကြာတင့်သင့်ပမာ နိုင်ငံတော်စီးပွားရေး တောင်တင်းခိုင်မာလာမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အမှတ်(၁၀)စက်မှုလယ်ယာစခန်း၊ အောင်လံမြို့ မြို့နယ်ဦးစီးဌာနမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသော ဌာနဆိုင်ရာများနှင့်သင်တန်းသားများ မှတ်တမ်းတင်အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး၊ Good Brother ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က တက်ရောက်လာသော သင်တန်းသားများအား လယ်ယာသုံးစက်ကိရိယာများအကြောင်း အကျယ်တဝံ့ ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)