ငါန်းဇွန်မြို့နယ်၌ စက်သုံးဆီဆိုင်များတွင် ဆီလုံလောက်စွာ ရောင်းချပေးနိုင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ ဆီလုံလောက်စွာ ရောင်းချပေးနိုင်ခြင်း ရှိ/မရှိကို ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၌၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲနှင့် ပန်းခင်းစီမံချက် ၃ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် မြစ်ငယ်မြို့၊ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက် ၉ နာရီခွဲချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စားဖိုဆောင်ဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့်တောင်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မိုးရာသီကာလရောက်ပြီဖြစ်၍ မိသားစုအပိုဝင်ငွေရရှိရေးအတွက် ကျန်းမာရေးအထောက်အကူပြု စားဖိုဆောင် ရာသီ စာဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် အ.လ.က(ဂွေးဇီး)တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီက အခြေခံပညာအလယ်တန်းကျောင်း (ဂွေးဇီး)တွင် ကျင်းပသည်။

ပုသိမ်ကြီးမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောသရုပ်ပြပွဲဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊  အ.ထ.က ပုသိမ်ကြီး၌ ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသည် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိ ပညာပေးဟောပြောခြင်းနှင့် လက်တွေ့ သရုပ်ပြပွဲဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်တက္ကသိုလ်၌ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ပတ်သတ်၍ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ်၌  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ပတ်သတ်၍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ဗီတာမင်-A နှင့် သံချဆေးတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ဗီတာမင်-Aနှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်အတွင်း အသက်(၁၀)နှစ်အထက်ရှိ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်နိုင်ရေးနှင့် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အသက်အရွယ်အကျုံးဝင်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးထိုးနှံနိုင်ရေးကြိုတင်ပြင်ဆင်ရေးအတွက် မြို့နယ်ဓာတ်ခွဲခန်းတွင် သွေးအမျိုးအစားခွဲခြား သိရှိနိုင်ရန် စစ်ဆေးပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်ရန်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် တပျော်တပါးစုပေါင်းချက်ပြုတ်ကြော်လှော်ခြင်း၊ ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထုတ်ပိုးနေမှုများကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနား သုံးခွမြို့နယ်၌ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၄)ဖွင့်ပွဲ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to