ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲကို သြဂုတ်(၃)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

တာလေမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက တာလေတိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့၊ ဝင်းဖရကကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့် အိမ်ထောင်စုများအား မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေစီးဆင်းလာမှုနှင့် ချောင်းရေမြင့်တက်လာမှုကြောင့်  ရေဘေးသင့်အိမ်ထောင်စုများ အဆင်ပြေစေရန်အတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲ တက်ရောက်ချီးမြှင့်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက တပ်မတော်ကွန်ပျူနှင့် နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တပ်မတော်ကွန်ပျူနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ တာဝန်ရှိသူများ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။

ငဖဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အုတ်ဖိုမြို့နယ်တွင် ရေဘေးထောက်ပံ့ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြစ်မခရေမြင့်တက်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြေင့် နေအိမ်များ ရေမျောပါပျက်စီးခဲ့သည့် ရေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အုတ်ဖိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ထောက်ပံပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် မိုးရာသီကျောင်းတွင်း ဖိတ်ခေါ်ဘောလုံးအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျန်းမာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့်ကျင်းပသည့် ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်၊ မိုးရာသီကျောင်းတွင်းဖိတ်ခေါ်ဘောလုံး အားကစားပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ သထုံလမ်းရှိ တက္ကသိုလ်များဘောလုံးကွင်း၌ ယမန်နေ့ နံနက် (၁၁) နာရီအချိန်တွင် ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရွှေဟင်္သါကျေးရွာအုပ်စု၊ စကားမြားကျေးရွာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေအနေများအား ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

၂၀၂၄ ခုနှစ် ၊ (၂၅) ကြိမ်​​မြောက်  ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်​ကျေးမှု အဆို ၊အက ၊အ​ရေး၊ အတီး ပြိုင်ပွဲ  (ခရိုင်အဆင့် ) ဖွင့်ပွဲအခမ်းအနား ကျင်းပ  

မန္တ​လေးတိုင်း​ဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်တွင် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်​​မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊အ​ရေး ၊ အတီး ပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယ​နေ့  နံနက် (၈) နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅)ရှိ မြို့​တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့နှင့် ပြိုင်ပွဲဝင်များ တက်​​ရောက်ကြသည်။

အတ္တရံမြစ်ရေများပြန်လည်ကျဆင်း၍ ဒေသခံပြည်သူများအေးချမ်းစွာသွားလာလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဇူလိုင်လနောက်ဆုံးပတ်၌ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းသဖြင့် အတ္တရံမြစ်ရေမြင့်တက်လာကာ မြစ်ကမ်းအနီး အနိမ့်ပိုင်းရှိရပ်ကွက်များ၊ ကျေးရွာများရှိ နေအိမ်များအတွင်းနှင့် စာသင်ကျောင်းများအတွင်းသို့ ရေများနစ်မြုပ်ဝင်ရောက်ခဲ့သဖြင့် ဒေသခံပြည်သူများ ရေကြီးနစ်မြုတ်မှုဒဏ်ကို အချိန်တစ်ပတ်ခန့်ခံစားခဲ့ရပြီး စာသင်ကျောင်းအချို့ ခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။
Subscribe to