အောင်လံမြို့၌ အောက်စီဂျင်စက်နှင့် (40)L အိုးကြီး(၁၀)လုံး ပေးအပ်လှူဒါန်းပွဲ ကျင်းပ

အောင်လံ ဩဂုတ် ၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အောက်စီဂျင်စက်နှင့် (40)L အိုးကြီး(၁၀)လုံး ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အောင်လံခရိုင်စီမံကော်မတီဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အောက်စီဂျင်စက်နှင့် (40)L အိုးကြီး (၁၀)လုံး ပေးအပ်လှူဒါန်းပွဲနှင့် ပတ်သက်၍ ဥပါသကာများမှ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အောင်လံမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးလွင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများနှင့် ဥပကာများမှ အောက်စီဂျင်စက်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)