ရန်ကုန် ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနတွင် မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ အသက်(၃၅)နှစ်အောက် အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးအား အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီထွန်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်ဦးစီးဌာန၏ ဉပဒေ၊ နည်းဉပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ မီးသတ်ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးပညာဘာသာရပ်များအား သိရှိနားလည်သဘောပေါက်စေရန်နှင့် မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ သင်တန်အားဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများပေးအပ်ခဲ့ပြီး သင်တန်းအား ဩဂုတ်လ ၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီထွန်းထံမှ သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)