စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး တာဝန်ရှိသူများမှ ကြာဖက်၊ ငှက်ပျောဖက်များဖြန့်ဝေခြင်းနှင့် အသိပညာပေးဆောင်ရွက်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချသုံးစွဲလျော့နည်းသက်သာစေရန် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီအချိန်က အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။