မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းပဉ္စမအကြိမ် နှစ်ပတ်လည်အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ပဉ္စမအကြိမ်နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်မြို့နယ် ရပ်ကွက်၊ ကျေးရွာများတွင် ဈေးနှုန်းချိုသာစွာဖြင့် စာအုန်းဆီများ ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ  ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ၊ စားသုံးဆီ အခက်အခဲမရှိစေရေး စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ ဝယ်ယူ၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့က မြို့မ(၁၀)ရပ်ကွက်နှင့် ကျေးရွာ (၉) ရွာများတွင် နေထိုင်လျက်ရှိသော ပြည်သူများအား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်း ဒေသခံပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် နိုင်ငံတော်မှ ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ဒေသခံပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၄/၂၀၂၄) သင်တန်းဖွင့်ပွဲ ကျင်းပ

ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ရှိ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၄/၂၀၂၄)ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် တပ်မတော်အရာရှိများ၊ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများတက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၇၃) ဦးအား သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ပလောက်မြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး/ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။

မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာ (အ-ထ-က)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတတိုးပွားစေရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲကို ယမန်နေ့မွန်လွဲပိုင်းအချိန်က မက်မန်းမြို့ အောင်သံလွင်ကျေးရွာ(အ-ထ-က)ကျောင်းတွင် သွားရောက်ကျင်းပခဲ့သည်။

သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏ်စမ်းပြိုင်ပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ကျောင်းသား/သူများ  ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊   စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် ဥာဏ်ရည်ဥာဏ်သွေး တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍   ယနေ့နံနက် (၉) နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏ်စမ်းပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့ပေါ်၌ မြစ်ရေပြန်လည်ကျဆင်းစဉ် တင်ကျန်ခဲ့သည့် ရွံ့၊ နုန်းများကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ဒုတိယရက်သတ္တပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ ရက်နေ့ အထိ တနင်္သာရီမြို့၏ အန္တရာယ်ရေအမှတ်ဖြစ်သည့် သာမန်မြစ်ရေအထက် (၂၄)ပေကို (၇ပေ)အထိ  ကျော်လွန်၍ (၃၁)ပေအထိ မြစ်ရေကြီးမြင့်ခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းမှစ၍ မြစ်ရေများ  ပြန်လည်ကျဆင်းခဲ့ရာ ယနေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မြစ်ရေ တိုင်းထွာချက်အရ မြို့တာရိုးအပြင်ဘက်တွင် (၁၉) ပေခန့်အထိ ပြန်လည်လျော့နည်းကျဆင်းနေကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၄/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း(မိုးစွေ)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ခေတ္တကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်း၊ အသိပညာ‌ပေးဗီနိုင်းများ ချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် အသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များ၊ အ‌ခြေခံပညာကျောင်းများ စသည့် လူစည်ကားသည့်နေရာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ဩဂုတ်လ ၃ ရက်နေ့က (၃၇)ရပ်ကွက်၊ စည်ပင်သာယာဝန်ထမ်းအိမ်ရာဝင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to