ဒဂုံမြောက် ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ်(၃၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက်ပိုင်းက လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ယာယီအိမ်ထောင်စုလူဦးရေစာရင်းမှ မြေပြင်နေထိုင်ခြင်း ရှိ/မရှိကို တိုက်နယ်မှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များမှ တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ဆိုင်စစ်ဆေးရာတွင် လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တိုက်နယ်မှူး ဒေါ်ဇင်ပပလွင်၊ (၃၅)ရပ်ကွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးသန်း အောင်နှင့်အဖွဲ့ဝင်များမှ ပန်းခင်းစီမံချက်(၃)ဖြင့် ဆောင်ရွက်လျက်ရှိသော ယာယီအိမ်ထောင်စုလူဦးရေစာရင်းမှ မြေပြင်နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံသားစိစစ်ရေးကတ် ရှိ/မရှိတို့ကို တိုက်ဆိုင်စစ်ဆေးစိစစ်၍ ရာအိမ်မှုး၊ ဆယ်အိမ်မှုးများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ