နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည်  ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများ၊ ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ​အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့သည်။

တာချီလိတ်မြို့၌ တောမီးလောင်ကျွမ်းမှု စောင့်ကြည့်လေ့လာရေးနည်းပညာစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ပူးပေါင်း၍ တောမီးလောင်ကျွမ်းမှု စောင့်ကြည့်လေ့လာရေးနည်းပညာစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းရှိ အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ကြီး ဘုန်းတော်ကြီးကျောင်းနှင့် တာဝတိံသာဇာတ်ရုံတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီး ကြပ်လမ်းညွှန်မှုဖြင့် မြို့မရပ်ကွက်ရှိ ထားဝယ်ကြီး ဘုန်းတော်ကြီးကျောင်းနှင့် တာဝတိံသာ ဇာတ်ရုံတို့၌ ယနေ့ နံနက် ၇ နာရီက ကျောင်းဝန်း၊ ကျောင်းပြင်နှင့်  ဝါတွင်းကာလ ဥပုသ်သီလစောင့်တည်ရန် လာရောက်ကြသူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်စေရန် ရည်ရွယ်ပြီး ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ပင်လုံတက္ကသိုလ်တွင် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ်တွင် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှကြီးမှူး၍ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ နှုတ်ဆက်ပွဲ၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် မိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းက ပင်လုံတက္ကသိုလ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် တက်ရောက်၍ အမှာစကားပြောကြားပါသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လျှော်ဖြူ ၂၅၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လျှော်ဖြူ ၂၅၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဗိုလ်တထောင်မြို့နယ် ပညာရာမိကမဟာ(အေ)ဘုန်းတော်ကြီးကျောင်းသို့ ဆန်၊ ဆီလှူဒါန်းမှု အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ သိမ်ဖြူလမ်းရှိ ပညာရာမိကမဟာ(အေ) ကျောင်းတိုက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်က‌လေး‌ စောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ စု‌ပေါင်းလှူဒါန်း‌သော ဆန်၊ဆီ လှူဒါန်းမှုအခမ်းအနားအား  ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် ရေဘေးသင့်၍ ပြောင်းရွေ့နေထိုင်သည့် ပြည်သူများအား စားနပ်ရိပ်က္ခာ ထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရေဘေးသင့်၍ ပြောင်းရွေ့နေထိုင်သည့် ပြည်သူများအား စားနပ်ရိပ်က္ခာများကို ယနေ့ နံနက်ပိုင်းက အမှတ်(၆) ရပ်ကွက်၊ ဓမ္မာရုံ၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ရေဘေးသင့် ပြည်သူများအား တွေ့ဆုံ၍ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့ နံနက်ပိုင်းက မအူပင်ခရိုင် ပန်းတနော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ပြည်လုံးချမ်း သာ သာသနာ့ဗိမာန် ရေဘေးရှောင်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to