ရန်ကင်းမြို့နယ်၌ ပထမအကြိမ် ရန်ကင်းမြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားပြုလုပ်
သာသနာတော်သက္ကရာဇ် ၂၅၆၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ဝါဆိုလပြည့်ကျော် (၁၄)ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ်၊ ယမန်နေ့ နံနက် (၉) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက် မိုးကောင်း ဆုတောင်းပြည့် စေတီတော်ဝင်းအတွင်းရှိ အရိယာဓမ္မာရုံကြီးတွင် ပထမအကြိမ် ရန်ကင်းမြို့နယ်လုံးဆိုင်ရာ၊ ဝါဆိုသင်္ဃန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။