ညောင်တုန်း ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရေဘေးသင့်၍ ပြောင်းရွေ့နေထိုင်သည့် ပြည်သူများအား စားနပ်ရိပ်က္ခာများကို ယနေ့ နံနက်ပိုင်းက အမှတ်(၆) ရပ်ကွက်၊ ဓမ္မာရုံ၌ ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက အမှတ်(၄) ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်တို့ရှိ မြစ်ရေဝင်ရောက်မှုကြောင့် ဆွေမျိုးများ နေအိမ်ထံသို့ ပြောင်းရွှေ့နေထိုင်ကြသည့် ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပြီး ရေဘေးသင့်၍ ပြောင်းရွေ့နေထိုင်သည့် ရေဘေးသင့်အိမ်ထောင်စု (၇၈)စုရှိ လူဦးရေ(၃၇၃)ဦးအတွက် ဆန်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ဓာတ်ဆားထုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)