အင်းစိန်မြို့နယ်၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန် ဩဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းရှိ အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အင်းစိန်မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် အနန္တဂုဏ်ရည်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဃောသိတထံမှ ကြွရောက်လာသော ဧည့်ပရိသတ်များက (၅)ပါးသီလ ခံယူဆောက်တည်ကာ ရေစက်ချတရားတော်နာကြားပြီး အင်းစိန်မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဇာနေယျနှင့် ပင့်သံဃာ(၁၁)ပါးတို့အား လှူဖွယ်ပစ္စည်းနှင့် ဝတၴုငွေများ ဆက်ကပ် လှူဒါန်းခဲ့ပြီးနောက် ဆရာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ သံဃာတော်များ၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ အလှူရှင်များ၊ နှင့် ပရဟိတအသင်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)