ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်း ဖူလုံစွာ တင်သွင်းနိုင်ရေး တင်သွင်းနိုင်မည့် ပမာဏများ လျာထားချက်နှင့် ဈေးနှုန်းသတ်မှတ်နိုင်ရေး ဆီလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်နယ်အတွက် စက်သုံးဆီတင်သွင်း ဖြန့်ဖြူးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွက် အမှန်တကယ် တင်သွင်းနိုင်မည့် စက်သုံးဆီပမာဏ လျာထားချက်နှင့် ဈေးနှုန်းသတ်မှတ်နိုင်ရေး ပြည်နယ်စက်သုံးဆီတင်သွင်းဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် စက်သုံးဆီ လုပ်ငန်းရှင်များ၊ ဆီဆိုင်ပိုင်ရှင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

မြိတ်မြို့တွင် ဂျင်းခရုသုတေသနလုပ်ငန်း၏ ရလဒ်များအရ ဂျင်းသားပေါက်ကုန်းများအား ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်  ထိန်းသိမ်းမည့်ဧရိယာ၊ ထိန်းသိမ်းမည့်ကာလ သတ်မှတ်ထုတ်ပြန်နိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဂျင်းခရုသုတေသနလုပ်ငန်း၏ ရလဒ်များအရ ဂျင်းသားပေါက်ကုန်းများအား ထိန်းသိမ်းစောင့် ရှောက်ရန်အတွက်  ထိန်းသိမ်းမည့်ဧရိယာ၊ ထိန်းသိမ်းမည့်ကာလ သတ်မှတ်ထုတ်ပြန်နိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်း၍ ပြုလုပ်ခဲ့ကြသည်။

မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်(၁၁၀)ဧကနှင့် အခြားသီးနှံ စိုက်(၂၃)ဧကအတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက် (၁၁၀)ဧကနှင့် အခြားသီးနှံစိုက် (၂၃) ဧကအတွက် ကုန်းရွာကျေးရွာအတွင်းရှိ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ ငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဩဂုတ်(၂)ရက်နေ့ နေ့လယ်ပိုင်းက အ.ထ.က(၁)မြိတ်၊ ပညာ့ဗိမာန်ခန်းမတွင် အခြေခံကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများ တွေ့ဆုံခဲ့ရာ အထက(၁) ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်း၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။

မြိတ်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁ဝ)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးကြိုပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံတောင်သူများ ဝင်ငွေတိုးပွားစေရန် အားထားစိုက်ပျိုးသည့် မိုးကြိုပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ဆီပဲပုပ်မျိုးစေ့များ ဆက်လက်ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ်တွင် စားသုံးဆီ ဖူလုံရေးအတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆီထွက်သီနှံတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ဆီပဲပုပ်‌မျိုးစေ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လွိုင်လင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌‌ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများ ၊စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆီထွက်သီးနှံစိုက်ပျိုး မည့်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် မြစ်ရေဝင်ရောက်ခံခဲ့ရသည့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ပစ္စည်များ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြစ်ရေဝင်ရောက်ခံခဲ့ရသည် အိမ်ထောင်စုဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို သဲကောအုပ်စု၊ တောင်ပို့ကြီးကျေး ရွာဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သန့်ရှင်းသာယာလှပ၍ စိမ်းလန်းစိုပြည်သော မြို့ပြစနစ်များ ဖြစ်ထွန်းလာစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ဘုရားကျောင်းကန်များ၊ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကျိုက်လတ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်၍  ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အခြေခံပညာဉီးစီးဌာနနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လှိုင်းတာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to