န­မ့်စန်မြို့တွင် ကလပ်ပေါင်းစုံဖိတ်ခေါ် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ငွေရောင်ရွှန်း အားကစားပစ္စည်းအရောင်းဆိုင်တို့ ပူးပေါင်းဆောင်ရွက်သော ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ က နမ့်စန်ကျေးရွာအုပ်စု ၊ ထင်းရှူးမြိုင်ကျေးရွာရှိ ELEVEN  FUTSAL ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ဩဂုတ်လ (၂) ရက်နေ့ နံနက် (၉) နာရီအချိန်က ညောင်လေးပင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆံတော်ရှင် ဆူးလေစေတီတော်ကြီး၊ ရွှေထီးတော်၊ ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းအောင်ပွဲကျင်းပ

ဆံတော်ရှင် ဆူးလေစေတီတော်မြတ်ကြီး၊ ရွှေထီးတော်၊ စေတီတော်လုံးတော်ပြည့်နှင့် အရံစေတီတော်များအား ရွှေစင်ရွှေပြားမျက်ပါးရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်ပွဲကို ဩဂုတ်လ (၂) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆူလေစေတီတော်ရင်တော်ပေါ် ကျင်းပရာဆူးလေးစေတီတော်ဩဝါဒါ စရိယဆရာတော်ကြီးများ၊ ဆူးလေစေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ပူဇာ်ခဲ့ကြသည်။

ငွေဆောင်မြို့တွင် ဌာနပေါင်းစုံ( ၂၀၂၄ ခုနှစ်)  မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့်ဂေဟစနစ်ထိန်းသိမ်းနိုင်ရေးတို့အတွက် ရည်ရွယ်၍  ဌာနပေါင်းစုံ (၂၀၂၄ ခုနှစ်)မိုးရာသီသစ်ပင်စိုက်ပွဲတော်အား ယမန်နေ့နံနက်(၁၀း၀၀)နာရီက မြို့အုပ်ချုပ်ရေးမှူးရုံးဝန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်တွင် Biometric(ဇီဝဆိုင်ရာ) အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများအဖွဲ့က ဇူလိုင်လ ၂ ရက်နေ့က (အ.ထ.က)ဗျက်ကြီးကျောင်းရှိ ကျောင်းသားများအား Biometric(ဇီဝဆိုင်ရာ) အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ရှိ Nine Color ရောင်စုံအမိုး သွပ်ပြား ထုတ်လုပ်ဖြန့်ဖြူးရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Nine Color Co., Ltd. ၏ ရောင်စုံအမိုးသွပ်ပြားထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ ရေဘေးအန္တရာယ်ဆိုင်ရာ အသိပေးနိုးဆော်ခြင်းများ လိုက်လံဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာခြင်းကြောင့် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အများပြည်သူများ သိရှိလိုက်နာရန် ရေဘေးအန္တရာယ်အသိပညာပေးနိူးဆော်ခြင်းများကို ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဘီးလင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်ခဲ့သော ရပ်ကွက်များရှိ ရေတွင်းများအား ကလိုရင်းဆေးများ လိုက်လံခပ်ပေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဇူလိုင်လ ၂၅ ရက်မှစတင်ကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရာ ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီ ဖြစ်သည့်အတွက် ရေကြီးနစ်မြုပ်ခံခဲ့ရသည့် ရေတွင်းများအား မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကလိုရင်းဆေးခပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ် ပညာရာမိကမဟာ (အေ) ဘုန်းတော်ကြီးကျောင်းသို့ ဆန်၊ ဆီ လှူဒါန်းမှုအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ သိမ်ဖြူလမ်းရှိ ပညာရာမိကမဟာ (အေ) ကျောင်းတိုက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်းလှူဒါန်းသော ဆန်၊ ဆီလှူဒါန်းမှုအခမ်းအနားအား ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ညောင်ရွှေမြို့၌ (၂၅)ကြိမ်မြောက်(ငွေရတု)အထိမ်းအမှတ် မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲပြုလုပ်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၏(၂၅)ကြိမ်မြောက် (ငွေရတု)အထိမ်းအမှတ် မြို့နယ်အဆင့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ယမန်နေ့နံနက်(၈)နာရီခွဲက ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to