ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် (၆) မင်းတဲရပ်ကွက်ရှိ ပါမောက္ခ ဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ)ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ (၂၀၀) ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။

ဧရာဝတီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်‌ခြင်း အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်‌ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)တေဇာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မိုင်းခတ်မြို့၌‌ ချောင်းရေကျဆင်း၍ ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ ယခင်အတိုင်း သွားလာလျက်ရှိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဩဂုတ် ၁ ရက်နေ့ ညနေပိုင်းက နမ့်လွေချောင်းရေမှတစ်ဆင့် ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းသွားလမ်းမပေါ်သို့ ရေကျော်ခဲ့ရာ ယနေ့နံနက်တွင် ရေများပြန်လည်ကျဆင်း၍ ခရီးသွားပြည်သူများ၊ ယာဉ်ကြီး၊ ယာဉ်ငယ်များ ယခင်အတိုင်း ပြန်လည်သွားလာနေပြီဖြစ်ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ် ဌာနဆိုင်ရာများစုပါင်း၍ ခြောက်ဆယ်ကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများကို ထမင်းဘူးများ ထောက်ပံ့လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ‌မိုးရေမြင့်တက်မှုနှင့် ငဝန်မြစ်ရေဝင်ရောက်မှုတို့ကြောင့် ဌာနဆိုင်ရာများစုပေါင်း၍ ခြောက်ဆယ်ကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများကို ထမင်းဘူးများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေး ယာယီသံဘောင် ဘေလီတံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီတွင် ကတော့ကရက်ကျေးရွာအုပ်စု၊ ကတေ့ာကရက်ကျေးရွာအနီး ဇလွန်-ပျဥ်းမကုန်း-ရှမ်းစုလမ်း မိုင်တိုင်အမှတ် ၅/၅ - ၅/၆ ကြားတွင် မိုးသည်းထန်စွာရွာသွန်း၍ မိုးရေတိုက်စားမှုကြောင့် တံတားအမှတ် (၁/၆) နိမ့်ကျပျက်စီးခဲ့ပြီး အများပြည်သူများ သွားလာရေးပြတ်တောက်မှုမရှိစေရေးအတွက် ယာယီသံဘောင် ဘေလီတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆရာတော်၊ သံဃာတော်(၁၀၈၀)ပါးအား (ဒုတိယအကြိမ်)ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူ

ဝါတွင်းကာလပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များ၊ သာမဏေများ ဆွမ်းဆန်တော်၊ စားသုံးဆီများ အခက်အခဲမရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့်  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက် သို့သွားရောက်၍ ဆွမ်းဆန်တော်၊ စားသုံးဆီ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းရာ ပထမတောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်၊ မြို့နယ်သံဃနာယအဖွဲ့ဝင် စာချဆရာတော် ဦးသိရီဓမ္မထံ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့်ပြည်နယ်ဥပဒေချုပ်တို့က နဝကမ္မအလှူငွေ ကျပ်သိန်း(၃၀)၊ ဆွမ်းဆန်တော်၊ စားသုံးဆီတို့ကို ဆက်ကပ်လှူဒါန်းပေးကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

တနင်္သာရီမြို့နယ်တွင် မြစ်ရေပြန်ကျဆင်းနေရာ မြိတ်-တနင်္သာရီ-မောတောင်-ကော့သောင်း ကားလမ်းတစ်လျှောက် ဖြတ်သန်းသွားလာ၍ ရနေပြီဖြစ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ်သည် ထားဝယ်ခရိုင်-မေတ္တာမြို့အနီး၌ မြစ်ဖျားခံ၍ တနင်္သာရီမြစ်(ဒေသခေါ်ချောင်းကြီးမြစ်)အဖြစ် စီးဆင်းလာခြင်းဖြစ်ပြီး ၎င်းချောင်းကြီးမြစ်အတွင်းသို့ ငဝန်ချောင်းဖျား(ဒေသခေါ်ချောင်းငယ်မြစ်)မှ မြစ်ရေများပေါင်းဆုံ၍ မြတ်မြို့နယ် အဝင် ပင်လယ်အတွင်းသို့ ဆက်လက်စီးဝင်သည့် မြစ်တစ်မြစ်ဖြစ်ပေသည်။

မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကျွဲ၊ နွား တိရစ္ဆာန်အစာ (၃၀၄၀) ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကျွဲ၊ နွား တိရစ္ဆာန်အစာပင် (၃၀၄၀) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပလောက်မြို့၌ ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ မိုးစပါးစိုက်ပျိုးသူတောင်သူများအား ယူရီယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to