တွံတေးမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေး Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သန်လျင်ခရိုင်မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူတို့၏ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအစီအစဥ်ဖြင့် တွံတေးမြို့နယ် ကျွန်းတောရပ်ကွက်တွင် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျွန်းတောရပ်ကွက်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ကျက်သရေဆောင် ရွှေတိဂုံစေတီတော် မြတ်ကြီး၏ ဓမ္မာရုံတွင် စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရပ်စောက်မြို့နယ်၌ ဒေသဝက် ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်‌စောက်မြို့နယ်တွင် ရှမ်းပြည်နယ်စိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသဝက်ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ယမ်းတွင်းငါးကြောင်းကျေးရွာအုပ်စု၊ ရတနာပုံကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်သည်။

ပေါင်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးစိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဥယျာဉ်ခြံမြေများနှင့် နေအိမ်များအတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ထွန်းအောင်မြင်ပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပေါင်မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများထံမှ သိရသည်။

ပန်းတောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က "စာဖတ်ရှိန် မြှင့်တင်ရေး" ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ကမမောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေဝင်ရောက်မှုကြောင့် ‌လူနေအိမ်အချို့ ရေဝင်နစ်မြုပ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေ အမှတ်ထက်ကျော်လွန်၍ အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များသို့ ဒုတိယအကြိမ်‌ရေကျော်မှုများဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

စေတုတ္တရာမြို့နယ်တွင်‌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်၍ အ.လ.က(၁)ခွဲ ကျောင်း ယာယီပိတ်ထား

မကွေးတိုငိးဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် မိုးအဆက်မပြက်ရွာသွန်းမှုကြောင့် ဆီမီးချောင်းရေလျှံကာ အမှတ်(၁)အလကခွဲကျောင်းတွင် ရေဝင်ရောက်၍ အုတ်တံတိုင်း ပေ(၂၉၀)ကျိုးကျ၍ အဆိုပါကျောင်းအား သြဂုတ်(၂)ရက်နံနက်ပိုင်းမှစတင်ကာ ယာယီ ပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မရမ်းကုန်းမြို့နယ်၌ သစ်တောဥပဒေအသိပညာပေး Talk Show ဆောင်ရွက်

မရမ်းကုန်းမြို့နယ်၌ သစ်တောဥပဒေအသိပညာပေး Talk Show ဆောင်ရွက် မရမ်းကုန်း ဩဂုတ် ၄ ရဲနောင်ချစ်

မိုးစပါးစိုက်တောင်သူများအား ယူရီးယာဓာတ်မြေဩဇာများ နိုင်ငံတော်မှ သတ်မှတ်ထားသောစျေးနှုန်းဖြင့်ဖြန့်ဖြူး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီမိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် ရည်ရွယ်၍ ယူရီးယား(Urea) ဓာတ်မြေဩဇာ နိုင်ငံတော်မှသတ်မှတ်ထားသောစျေးနှုန်းဖြင့် ဖြန့်ဖြူးပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to