ဥတ္တရသီရိ ဩဂုတ် ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်တွင် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြှိမ်း သတ်ခြင်းနှင့် Evaporation drill (အရေးပေါ်အခြေအနေတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း) အခမ်းအနားကို ဇူလိုင်လ ၂ ရက်နေ့ နံနက် ၉ အချိန်က Nay Pyi Taw International Science Academy (Main Campus)တွင် ကျင်းပရာ ဥတ္တရသီရိမြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်နှင့်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရာက်ကြသည်။
အဆိုပါအခမ်းအနားတွင် ဥတ္တရသီရိမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိုးသက်နောင် ဦးဆောင်၍ တပ်ဖွဲ့ဝင် ၁၀ ဦးတို့မှ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ ဆီမီးလောင်မှုဖြစ်သော Kitchen Fire၊ Gas Fire Oil Tank Fire ငြိမ်းသတ်ပုံများ၊ အသက်ကယ်အင်္ကျီ(Life Jecket)ဝတ်ဆင်ပုံများ၊ အခြေခံ ကြိုးချည်နည်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို အသိပညာပေးဟောပြေခြင်း၊ သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
အလားတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် (Preschool Campus)တွင် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းနှင့် Evaporation drill (အရေးပေါ်အခြေအနေတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း) အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)