ရန်ကုန်အရှေ့ပိုင်းခရိုင်၌ စာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၄)ဖွင့်လှစ်

သင်္ဃန်းကျွန်း ဩဂုတ်  ၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၄ )သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ရာ မိမိတို့ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရေးအတွက် စာကြည့်တိုက်ပညာရပ်များကို ကျွမ်းကျင်စွာ တက်မြောက်ထားရမည်ဖြစ်ကြောင်း ထို့ကြောင့် သင်ကြားမှုများကို စိတ်ပါဝင်စားစွာ သင်ယူကြရန် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်အတွင်းရှိ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်း(၂၀)ဦးတက်ရောက်ကြပြီး သင်တန်းအား ဩဂုတ်လ ၂ ရက်နေ့မှ ၈ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းအောင်(ပြန်/ဆက်)