ကြံခင်း ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်ဆေးခေတ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက်၊ ရွှေတောင်စုရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များက မြို့မရပ်ကွက်၊ ရွှေတောင်စုရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များရှိ နေအိမ်များ၊ စာသင်ကျောင်းများရှိ ရေကန်များ၊ ဘုရားပန်အိုးများ၊ ကားတာရာကွင်းဟောင်းများနှင့် ရေဝင်ရောက်နေသည့် အိုးခွက်ဟောင်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်များ စစ်ဆေးခြင်း၊ ပိုးလောက်လန်းများ မပေါက်ဖွားစေရန် ရေကန်များအား အဘိတ်ဆေးခတ်ခြင်းတို့ကို ဆောင်ရွက်ပြီး ရပ်ကွက်နေပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်း စသည့်လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)