ငွေဆောင် သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့်ဂေဟစနစ်ထိန်းသိမ်းနိုင်ရေးတို့အတွက် ရည်ရွယ်၍ ဌာနပေါင်းစုံ (၂၀၂၄ ခုနှစ်)မိုးရာသီသစ်ပင်စိုက်ပွဲတော်အား ယမန်နေ့နံနက်(၁၀း၀၀)နာရီက မြို့အုပ်ချုပ်ရေးမှူးရုံးဝန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး (ခေတ္တမြို့အုပ်ချုပ်ရေးမှူး) ဦးချမ်းမြေ့အောင်မှ စိုက်ပျိုးမည့် ပျိုးပင်များအား မြို့အဆင့် ဌာနဆိုင်ရာများ ၊ ရပ် / ကျေးအုပ်ချုပ်ရေးအဖွဲ့များ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ပေးအပ်ခဲ့ပြီး မန်ဂျန်ရှားပင်အား ဦးဆောင် စိုက်ပျိုးပေးခဲ့သည်။
ထို့နောက်သစ်ပင်စိုက်ပွဲတော်တက်ရောက်လာကြသူများမှသတ်မှတ်နေရာအသီးသီးတွင် နေရာယူကာ မန်ဂျန်ရှားပင်များအား တစ်ညီတစ်ညာတည်း စိုက်ပျိုးခဲ့ကြပြီး ခေတ္တမြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ငွေဆောင် မြို့၊မြို့ အုပ်ချုပ်ရေးမှူးရုံးဝန်း၌ ကျင်းပပြုလုပ်သော ဌာနပေါင်းစုံ မိုးရာသီ သစ်ပင်စိုက်ပွဲတော်၌မန်ဂျန်ရှား(၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
R – 014( ငွေဆောင်)