ရန်ကုန် ဩဂုတ် ၄
ဆံတော်ရှင် ဆူးလေစေတီတော်မြတ်ကြီး၊ ရွှေထီးတော်၊ စေတီတော်လုံးတော်ပြည့်နှင့် အရံစေတီတော်များအား ရွှေစင်ရွှေပြားမျက်ပါးရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်ပွဲကို ဩဂုတ်လ (၂) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆူလေစေတီတော်ရင်တော်ပေါ် ကျင်းပရာဆူးလေးစေတီတော်ဩဝါဒါ စရိယဆရာတော်ကြီးများ၊ ဆူးလေစေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ပူဇာ်ခဲ့ကြသည်။
ရှေးဦးစွာ ကြွရောက်တော်မှုလာကြသည့် ဩဝါဒါစရိယ ဆရာတော်ကြီးများက ဆံတော်ရှင်ဆူးလေ စေတီတော်မြတ်ကြီး၊ ရွှေထီးတော်၊ စေတီတော်လုံးတော်ပြည့်နှင့် အရံစေတီတော်များအား ရွှေစင်ရွှေပြား မျက်ပါးရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲအဖြစ် အနေကဇာတင်ခြင်း ဆောင်ရွက်တော်မူကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂုဏ်ထူးဆောင် ဓမ္မပါရဂူ ဒေါက်တာ ဘဒ္ဒန္တ ကုမာရထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာယူခြင်များကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဩဝါဒါစရိယ ဆရာတော်ဘုရားကြီးများအား ဆံတော်ရှင် ဆူးလေစေတီတော် အလှည့်ကျ ဂေါပကအဖွဲ့ဝင်(စီမံ)ဒကာဦးလှသိန်းက ဆူးလေစေတီတော်ကြီး တည်တံ့စေရေလုပ်ငန်း ဆောင်ရွက်ရန်အတွက် ပဏာမလျှောက်ထားခဲ့ရာ ဆရာတော်ကြီးများက ဩဝါဒကထာကို မိန့်ကြားတော်မှုခဲ့သည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်တော်များက ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အောင်ပွဲအထိမ်းအမှတ်အဖြစ် ဆရာတော်ကြီးများအား ပစ္စည်းလေးပါအလိုငှာ ဝါဆိုသင်္ကန်းတော်နှင့် နဝကမ္မအလှူတော် ဝတ္တုငွေများဆပ်ကပ်ခဲ့ကြပြီးလှူဒါန်းမှု အစုစုအတွက် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိကအဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသုန္ဒရထံမှ ရေဆက်ချတရားနာယူပြီးဆရာတော်ကြီးများအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)