နမ့်စန်(တ) ဩဂုတ် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ငွေရောင်ရွှန်း အားကစားပစ္စည်းအရောင်းဆိုင်တို့ ပူးပေါင်းဆောင်ရွက်သော ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ က နမ့်စန်ကျေးရွာအုပ်စု ၊ ထင်းရှူးမြိုင်ကျေးရွာရှိ ELEVEN FUTSAL ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ငွေရောင်ရွှန်းအားကစားပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆို အလေးပြုခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြိုင်ပွဲဝင် အသင်းများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ဖွင့်ပွဲ ပထမပွဲစဉ်အဖြစ် K-7 FC ဖူဆယ်ဘောလုံးအသင်းနှင့် Q-2K FC ဖူဆယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ Q-2K FC အသင်းက ၅ ဂိုး ၃ဂိုးဖြင့် အနိုင်ရ ခဲ့သည်။
အဆိုပါအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၃ ရက်မှ ၇ ရက်နေ့အထိ ကျင်းပယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဖူဆယ်အသင်း (၁၆)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)